ကေအိုင်အေနှင့် မြန်မာစစ်တပ် အပြန်အလှန်ပစ်ခတ်

ဟူးကောင်းခရိုင်၊ ကွန်စိုင်းမြစ်ကမ်းနားရှိ တော်ရဲရွှေမော် တ၀ိုက် သွားလာလှုပ်ရှားနေသောမြန်မာစစ်တပ်အား ကေအိုင်အေတပ်ရင်း(၁၄)တပ်ဖွဲ့ မှ မတ်လ(၂၉ )ရက် ည ၁၀း၀၀နာရီအချိန်ခန့်တွင် RPG (၃)ကြိမ်၊ KRL (၂)ကြိမ်၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ရှေ့တန်းသတင်းများမှသိရှိရသည်။

တဖန်မတ်လ(၃၀)ရက် ည၉း၃၀နာရီအချိန်ခန့်တွင် နမ့်ခမ်းကျေးရွာတွင်ရောက်ရှိနေသော မြန်မာစစ်တပ်မှ ကောင်းရာပါဖက်သို့ ၈၁-မမ ဟုယူဆရသောလက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကြောင်းသတင်းဆက်လက်ရရှိပါသည်။

Leave a Reply

*