ဧပြီလ(၁၂)ရက်တိုက်ပွဲသတင်း

နံနက် ၂း၃၀နာရီ- ဥလန်ပါ ခရိုင်၊ မဂျီဂုံကမ္ဘာရှိ မြန်မာစစ်တပ်သည် အမှတ်(၂၇)တပ်ရင်းနယ်မြေ၊ ဒင်ဆင်းပါကျေးရွာဖက်သို့ မမ-၁၂၀ဖြင့် (၈)ကြိမ် ပစ်ခတ်ခဲ့ရာ ရှင်းလတ်ပါအနီးတွင်ကျရောက်ပေါက်ကွဲ

နံနက် ၆း၃၅နာရီ- ဟူးကောင်းခရိုင်၊ တနိုင်းဒ.က.စ မှ (၅)မိနစ်အတွင်း လက်နက်ကြီး အချက်ပေါင်း(၂၀)ကျော်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွား

နံနက် ၇း၁၅နာရီ- ကေအိုင်အေအမှတ်(၂)တပ်မဟာ နယ်မြေ၊ နောင်းနန်စခန်းဖက်သို့ထိုးစစ်ဆင်ချီတက်လာသေမြန်မာစစ်တပ်နှင့်ကေအိုင်အေတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား

နံနက် ၈း၀၀နာရီ – ကေအိုင်အေအမှတ်(၂၅၄)လှုပ်ရှားတပ်ရင်း နှင့် မြန်မာစစ်တပ်ခ.လ.ရ(၉ ၃)လက်အောက်ခံတပ်ဖွဲ့များ ဂလန်ဂျာပါတွင် တိုက်ပွဲဖြစ်ပွား

နံနက် ၁၁း၃၀နာရီ- ကေအိုင်အေ အမှတ်(၁၁)တပ်ရင်း မှတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ်သည် မူးကောင်းမြစ်ကမ်းအနီး၊ တိန်းဖျာတောင်တစ်ဝိုက်တွင်တိုက်ပွဲဖြစ်ပွား

နေ့လည် ၁း၃၇နာရီ – မြန်မာစစ်တပ်၏ ပျင်ထောင်လေ့ကျင့်ရေးတပ်မှ အမှတ်(၁၁)တပ်ရင်းဌာနချုပ်ဖက်သို့ မမ-၁၀၅ဟုယူဆရသော လက်နက်ကြီးဖြင့်(၃)ကြိမ် ပစ်ခတ်

နေ့လည် ၂း၀၂နာရီ- အင်တတ်ဘွမ် ရှိမြန်မာစစ်တပ်မှ ကေအိုင်အေအမှတ်(၁၈)တပ်ရင်းနယ်မြေ၊ ဘန်တောင်၊ ၀ိုင်ဘော်ဖက်သို့ လက်နက်ကြီး (၂)ကြိမ်ပစ်ခတ်

ညနေ ၅း၂၀နာရီ- ကေအိုင်အေ အမှတ်(၆)တပ်ရင်း မှတပ်ဖွဲ့ နှု့် မြန်မာစစ်တပ် တပ်ဖွဲ့သည် ခဆန်မြစ် နှင့်တောင်ဘျန်မြစ်ဆုံရာ တစ်လျှောက်တိုက်ပွဲဖြစ်ပွား

ည ၇း၃၀နာရီ- ခရာခက်နှင့် ဂွမ်ရာဒဘန်ရှိ မြန်မာစစ်တပ်မှ ကေအိုင်အေအမှတ်(၂၃)တပ်ရင်းနယ်မြေ၊ လဂျာခက်ဖက်သို့ မမ-၆၀ဖြင့် (၂)ကြိမ် စတင်ပစ်ခတ်ခဲ့ပြီးနောက် စက်သေနတ်များဖြင့်ဆက်လက်ပစ်ခတ်

Leave a Reply

*