ကချင်အနုပညာရှင်များအသင်းချုပ် တေးဂီတဌာနအနေဖြင့် အွန်လိုင်းကွန်ယက်ကိုအသုံးပြုပြီး တေးဖျော်ဖြေမှုကို ပြုလုပ်သွားနိုင်ဖို့ စက်တင်ဘာ ၇ ရက်နေ့က ဗဟိုကော်မတီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အများပြည်သူ စိတ်သောက ရောက်နေမှုကို အနည်းငယ်မျှလျော့ချပေးနိုင်ဖို့ ကချင်အနုပညာရှင်များအသင်းချုပ် တေးဂီတဌာနအနေဖြင့် အွန်လိုင်းကိုအသုံးပြုကာ ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
“ကျတော်တို့ကချင်လူမျိုးတွေလည်း ကိုဗစ်-၁၉ ရောဂါကြောင့် စိတ်သောက စိတ်ဆင်းရဲမှုအမျိုးမျိုးနဲ့ ကြုံတွေ့နေရတဲ့အချိန်ဖြစ်တာကြောင့် စိတ်ညစ်ညူးမှုတွေ ပြေပျေက်စေဖို့ တစ်ပတ်တစ်ခါ တေးဂီတဖျော်ဖြေမှုလုပ်ဆောင်သွားနိုင်ဖို့ ဆွေးနွေးကြတာပါ၊ တနင်္ဂနွေညတိုင်း အနုပညာရှင် ၅ ဦးပါဝင်ဖို့ ဆွေးနွေးထားပါတယ်” လို့ ဆရာဂရူးဇန် ကပြောပါတယ်။
အွန်လိုင်းတေးဂီတဖျော်ဖြေမှုအစီအစဉ်ကို တေးဂီတဌာနနဲ့ မီဒီယာဌာနတို့ပူးပေါင်းပြီး တနင်္ဂနွေည ၈ နာရီအချိန်ကနေ ၁၀ နာရီအတွင်း ထုတ်လွင့်ပေးသွားမှာဖြစ်ကာ ဒီအစီအစဉ်ကိုတော့ လာမည့် တနင်္ဂနွေနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ စတင်သွားမှာဖြစ်ပါတယ်။