အွန်လိုင်းပေါ်တွင် အချင်းချင်းပြစ်တင်ဝေဖန်ခြင်းမပြုလုပ်ကြဖို့ တိုက်တွန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်စပ်တစ်လျှောက်တွင်နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ ကချင်လူမျိုးများအနေဖြင့် အွန်းလိုင်းကိုအသုံးပြုပြီး အချင်းချင်း ပြစ်တင်ဝေဖန်မှုတွေကို မပြုလုပ်ကြဖို့ အောက်တိုဘာ ၂၀ ရက်နေ့က မူဆယ်ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့က သတိပေးတိုက်တွန်းခဲ့ပါတယ်။

မူဆယ်၊ ဂျယ်ဂေါင်၊ ရွှေလီ၊ ဂျန်ခေါင်၊ ရင်ဂျန်းမြို့တွေက တစ်ဖက်နဲ့တစ်ဖက် နိုင်ငံမတူညီကြပေမယ့် ကချင်လူမျိုးများက ရိုးရာယဉ်ကျေးမှုလမ်းစဉ်၊ လုပ်ငန်းချိန်ဆက်မှုတွေက နှစ်ဖက်စလုံးတွင် အသွားအပြန်တည်ရှိနေတာကြောင့် ကိုယ်တည်ရှိရာ နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာပြီး ကိုယ်နိုင်ငံအကြောင်း မကောင်းကြောင်းပြောဆိုပြီး အွန်းလိုင်းပေါ်တွင် ပြစ်တင်ဝေဖန်ခြင်းများဖြင့် ပြဿနာမဖြစ်ပွားစေဖို့ သတိချပ်စေချင်ကြောင်း ထုတ်ပြန်ထားချက်ကို မူဆယ်ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။

တရုတ်ပြည်မှာရှိတဲ့ ကချင်ရိုးရာယဉ်ကျေးမှုခေါင်းဆောင်များအနေဖြင့်လည်း အွန်လိုင်းကိုအသုံးပြုပြီး အမုန်းတရားဖြစ်စေခြင်းမလုပ်ဆောင်ကြဖို့ ပြောဆိုထားတာရှိကာ အစိုးရများဆီ အရေးယူပေးဖို့ ပြောဆိုဖို့လည်း မသင့်တော်ကာ အချင်းချင်းဖြစ်ပွားတဲ့အရာဖြစ်တာကြောင့် ညီအစ်ကိုချင်း မိသားစုချင်း သတိပေးခြင်းဖြင့် ရှေ့ဆက်ဖြေရှင်းသွားကြဖို့ တိုက်တွန်းထားပါတယ်။

“အခုအချိန်က သွားလာလို့မရသေးတဲ့အချိန်ဖြစ်တော့ တရုတ်ပြည်မှာရှိနေတဲ့ ကျတော်တို့ညီအစ်ကိုတွေအားလုံးလည်း ရှိနေတဲ့နိုင်ငံရဲ့ဥပဒေကို လေးစားလိုက်နာပြီး နေထိုင်ရအောင်၊ ပြဿနာတစ်စုံတစ်ခုဖြစ်ပေါ်လာရင် ဒီဘက်အခြမ်းမှာရှိတဲ့ ကျတော်တို့လည်း လာရောက်လို့မရဘူး ကိုယ့်နိုင်ငံရဲ့အကြောင်းကို အခြားဒေသမှာရှိနေပြီး ပြစ်တင်ဝေဖန် အပုတ်ချတာတွေလုပ်ဆောင်ခြင်းမပြုလုပ်ကြပါနဲ့” လို့ မူဆယ်ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးလရှီးတူး ကပြောပါတယ်။

လူမျိုးအချင်းချင်းကြား ပြစ်တင်ဝေဖန် အမုန်းတရားပွားစေသူများကို တရုတ်အစိုးရအနေဖြင့်လည်း အရေးယူမှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားမှုလည်း ရှိပါတယ်။

Leave a Reply

*