အပြစ်မဲ့ရွာသား (၆) ဦ်းအား ဖမ်းဆီးခေါ်ဆောင်

ပူတာအိုခရိုင်၊ နမ်ခမ်းကျေးရွာတွင်နေထိုင်သော ရွာသူရွာသားများ၏ နေအိမ်တိုင်းသို့ မြန်မာ့တပ်မတော်မှဝင်ရောက်ရှာဖွေ စစ်ဆေးပြီး နမ်ခမ်းကျေးရွာနှင့် အင်ဝိုင်းဘော် ကျေးရွာနေအပြစ်မဲ့ရွာသား (၆) ဦ်းအား ၂၀၁၈ ဖေဖော်ဝါရီ ၂၂  ရက်နေ့တွင် ပူတာအိုသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်။

တနိုင်းသို့ ၂၀၁၈ ဖေဖော်ဝါရီ ၂၁  ရက်နေ့ ည ၉း၀၆ အချိန်တွင် စက်လှေဖြင့်ရောက်လာသော အောင်လောက် ရွာသားဦးဇော်ဝင်းထံမှ ငွေ (၁၀၀၀၀၀) ကျပ် ကို ခ.လ.ရ (၈၆) မှတပ်မတော်သား (၄) ဦးသည် ဆိုင်းတောင်နယ်မြေအနီးတွင် တောင်းယူပြီး ၊ ဒါဗီမြစ်ကမ်းတစ်ဝိုက်ရှိ ပြည်သူ.စစ် အဖွဲ့သားများဟုခန့်မှန်းရသူများ ထံမှငွေ (၂၀၀၀၀၀) ကျပ် ကိုလဲ ထပ်မံတောင်းယူ သွားကြောင်း သိရှိရသည်.

Leave a Reply

*