အောင်လအန်ဆန် ပထမအချိီ ၂ မိနစ်မပြည့်မှီ ပြိုင်ဘက်ကို အနိုင်ထိုးခဲ့

နိုင်ဝင်ဘာ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဝမ်းချန်ပီယံရှစ် သိုင်းပေါင်းစုံပြိုင်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် သိုင်းပေါင်းစုံကစားသမား အောင်လအန်ဆန်နဲ့ ဂျပန်ဖိုက်တာ ယူရှင် အိုကာမီ တို့ ထိုးသတ်ခဲ့ကြပါတယ်။

ဂျပန်ဖိုက်တာမှ အောင်လကို ချုပ်ပြီး အသာယူဖို့ ကြိုးစားခဲ့ပေမယ့် ချုပ်ကွက်များဖြင့် အတွေ့အကြုံများနေပြီဖြစ်တဲ့ အောင်လကို အောင်မြင်မှုမရရှိခဲ့ကာ ပမထအချီ အစပိုင်း ၁ မိနစ် ၄၂ စက္ကန့်အရောက်မှာတော့ အောင်လရဲ့ ကစ်ချက်ပြင်းပြင်းများနဲ့ လက်သီးချက်များကြောင့် ဒိုင်ရပ်အနေအထားဖြင့် အနိုင်ရရှိခဲ့ပါတယ်။

မြန်မာပြည်သူများအနေဖြင့် လွန်ခဲ့သော နှစ်နှစ်ကို ခက်ခဲတဲ့ အခြေအနေများဖြင့် ရင်ဆိုင်နေခဲ့ရကာ မြန်မာပြည်သူများအတွက် အမြဲတစေ ဆုတောင်းနေကြောင်းလည်း ပွဲပြီးစကားပြောဆိုရာတွင် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ထို့အပြင် လွန်ခဲ့သောအပတ်က အောင်လရဲ့ ကစားဖော် ကစားဖက် ဖိုက်တာသူငယ်ချင်းရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ကာ သူငယ်ချင်းအတွက် နိုင်ပွဲဖြင့် ဂုဏ်ပြုခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာတွင် အောင်လ အနိုင်ရရှိမှုကို “မြန်မာ့ဂုဏ်ဆောင် အောင်လ အင်ဆန် (Nsang Awng La) အနိုင်ရရှိလို့ ဂုဏ်ယူမိပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုများကြောင့် နေ့စဥ် စိတ်ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တရပ် ဖြစ်စေပါတယ်။ ယနေ့ည အောင်မြင်မှု ရလဒ်နှင့်အတူ မြန်မာပြည်တစ်ရပ်လုံးလည်း အာဏာရှင်တော်လှန်ရေး ခရီး အောင်မြင်သည့် နေ့ရက်တစ်ရက် အမြန်ဆုံး ရောက်လာတော့မှာ ဖြစ်ပါတယ်။” လို့ ဂုဏ်ပြုခဲ့ပါသေးတယ်။

Leave a Reply

*