ကေဘီစီ အောက်မြန်မာပြည်သာသနာဇုံနယ် မန္တလေးတိုင်းအောင်ပင်လယ်ဇုံနယ်ရုံးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကချင်စာပေရရှိသည့် ၁၂၅ နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

ကချင်စာပေရရှိရုံသာမက ကချင်ကျမ်းစာကိုရရှိခဲ့သောကြောင့်ကျေးဇူးတော်ချီးမွမ်းသည့်အပြင် ကချင်စာပေ၊ ကျမ်းစာကို ပိုမိုတန်ဖိုးထားတတ်စေရန် အစီအစဉ်ကို ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။
“ကချင်စာကိုရရှိခဲ့တာကြောင့် လူမျိုးဆိုတာဖြစ်လာခဲ့တာပါ။ ကချင်စာကိုအကျိုးရှိစွာသုံးချပြီးပိုပြီးဖွံ့ဖြိုးတိုးတက်တဲ့ ကချင်လူမျိုးများဖြစ်လာအောင် ရည်ရွယ်ပြီးကျင်းပတာပါ”လို့ လူငယ်ခေါင်းဆောင် ဆရာလဖိုင်ဂျောင်ဖာခွန်ကပြောပါတယ်။
အစီအစဉ်တွင်ကေဘီစီသာမကအခြားသော ဘာသာရေးအဖွဲ့စည်းများကို ဖိတ်ခေါ်ရန်စီစဉ်ခဲ့သော်လည်း covid-19 ကပ်ရောဂါကြောင့် လူအများစုနှင့်ကျင်းပနိုင်ခြင်းမရှိသောကြောင့် မန္တလေးအနီးတစ်ဝိုက်မှ အသင်းသူအသင်းသားများ လာရောက်ပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။
ကချင်စာပေကို လွန်ခဲ့သော ၁၈၉၅ ခုနှစ်တွင်ရယူခဲ့ပြီး ယခု ၂၀၂၀ ခုနှစ်တွေ ၁၂၅ နှစ်ပြည့်ပြီဖြစ်ကာ လွန်ခဲ့သော ၁၉၉၅ခုနှစ်တွင်လည်း ထိုနေရာတွင် သမိုင်းမှတ်တိုင်တင်အောင် ခြိမ့်ခြိမ့်သဲသဲ ကချင်စာပေနှစ်တစ်ရာပြည့်ပွဲကို ပြုလုပ်ခဲ့ဖူးပါတယ်။