ကေအိုင်အိုအစိုးရလက်အောက်ရှိ အရှေ့ပိုင်းဒေသဌာနချုပ်အတွင်း လူဝင်မှုကြီးကြပ်ရေးရုံးမဖွင့်လှစ်နိုင်သေးတဲ့ အူလန်ပါဇုံနယ်နဲ့ ရွှေကူဇုံနယ်အတွင်းရှိ ကျေးရွာများတွင် နိုင်ငံသားစီစစ်ရေးကဒ်နဲ့ အိမ်ထောင်စုစာရင်းများ လုပ်ဆောင်ပေးခဲ့ပါတယ်။
နိုင်ငံသားကဒ်ထုတ်ပေးရာတွင် ကချင်ပြည်ဖွားများကို ဦးဆုံးလုပ်ဆောင်ပေးပြီး အသက် ၁၂ နှစ်ပြည်သူတိုင်းကို လုပ်ဆောင်ပေးခဲ့သလို ကျေးရွာအထိသွားရောက်လုပ်ဆောင်ပေးမှုကို တစ်နှစ်ကို တစ်ကြိမ်လုပ်ဆောင်ပေးပြီး နိုင်ငံသားများအနေဖြင့် အရေးတကြီးပြုလုပ်ဖို့လိုအပ်လာပါက အိမ်ထောင်စုကိုင်ဆောင်ပြီး လူဝင်မှုကြီးကြပ်ရေးရုံးတွင် အချိန်တိုင်လာရောက်ပြုလုပ်နိုင်ကြောင်း ပြောကြားထားပါတယ်။
နိုင်ငံသားကဒ်ပြုလုပ်ပေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေစတင်ခဲ့ကာ အရှေ့ပိုင်းဌာန လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူး ဗိုလ်ကြီး ဇိန်ထုန်းဘရန်ဆန့် ဦးဆောင်ပြီး ဝန်ထမ်းဆယ်ဦးဖြင့် ကျေးရွာများတွင် သွားရောက်လုပ်ဆောင်ပေးခဲ့ပါတယ်။