အုပ်ချုပ်ရေးမှူးဟောင်း သုံးဦး ၂ ရက်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ် မနကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဦးတင်စိုး ကိုယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်တွင် လက်နက်ကိုင်ဆောင်သူ ၂ ဦးမှ လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

NLD အစိုးရလက်ထက် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ၅ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် (၄၆) နှစ်အရွယ် ဦးတင်စိုးကို အမည်မသိ လက်နက်ကိုင်အချို့က ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့် ၈ ချက်ပစ်ခတ်လိုက်တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရသလို ထိုအချိန်တွင် ဦးတင်စိုးမှ ရှောင်ကွင်းနေရာမှ ခတ္တခဏနေအိမ်ကို ပြန်ရောက်စဉ် ဖြစ်ပွားခဲ့တာပါ။

ထို့ပြင် ယမန်နေ့ညတွင်လည်း မြစ်ကြီးနားမြို့ ဟိုကပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဂျော်လီဆွေနဲ့ ဇနီးကို နေအိမ်ဈေးဆိုင်တွင် အမည်မသိအဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့သလို သာပဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးလည်း ပစ်သတ်ခြင်း ခံလိုက်ရကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိတော့ မည်သည့်အဖွဲ့က မည်သူမည်ဝါ ပစ်ခတ်သတ်ဖြတ်သွားခြင်းကို မသိရှိရသေးပါဘူး။

Leave a Reply

*