အိမ်ထောင်ရေးပြဿနာ၊ ငွေကြေးခက်ခဲမှုက အများဆုံးနေရာယူနေ

စစ်ဘေးရှောင်ကူညီဖေးမရေးအဖွဲ့ (Ranir) မှဦးဆောင်ပြီး ပြုလုပ်တဲ့ စနစ်ကျတဲ့သုတေသနပြုလုပ်တဲ့ လုပ်ငန်းကို လိုင်ဇာမြို့နဲ့ အနီးတဝိုက်ရှိ ဌာနေဒေသခံများ၊ စစ်ဘေးရှောင်ပြည်သူများကို တွေ့ဆုံပြီးအမေးအဖြေများဖြင့် ထွက်ရှိလာတဲ့ ပြဿနာရင်းမြစ်များကို ဇန်နဝါရီ ၃၀ ရက်နေ့က လိုင်ဇာရှင်လီဟိုတယ်တွင်ရှင်းလင်းခြင်း ပြုလုပ်ခဲ့ပါတယ်။

သုတေသနပြုလုပ်ရာတွင် အသက်အပိုင်းအခြားခွဲခြားပြီး အယောက် ၃၀၀ ကိုတွေ့ဆုံမေးမြန်းရာတွင် အများစုတွင် အိ‌မ်ထောင်ရေး ပြဿနာ၊ ငွေးကြေးအခက်အခဲ၊ ကျောင်းသားများ ကျောင်းပျက်ကွက်ခြင်းများ စတဲ့ပြဿနာရင်းမြစ်များက အများစုတွင် ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ ပြဿနာရင်းမြစ်ကို ဖြေရှင်းနိုင်ရေးအတွက် Ranir အဖွဲ့အစည်းအနေဖြင့် အမြင်ဖွင့်ခြင်းများလုပ်ဆောင်ခဲ့သလို ဒီပြဿနာကို တာဝန်ယူဖြေရှင်းပေးဖို့ အစိုးရဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့၊ စစ်ဘေးရှောင်စခန်းတာဝန်ခံများကိုလည်း ဖိတ်ခေါ်ပြီး ရှင်းလင်းခဲ့ပါတယ်။

“ကျမတို့ဒေသမှာ အိမ်ထောင်ရေးပြဿနာ၊ ငွေကြေးခက်ခဲမှု၊ ကလေးများကျောင်းပြေးတာ စတဲ့ကိစ္စရပ်တွေ အလွန်များပြားလာတာကို တွေ့ရှိရတယ်၊ ဒါတွေကို ကျမတို့ချည်း အမြင်ဖွင့် ဖြေရှင်းလို့မရပါဘူး  ဒါ့ကြေ င့် တာဝန်ရှိသူတွေအားလုံးကို ဖိတ်ခေါ်ပြီး ရှင်းပြခြင်းဖြစ်ပါတယ်” လို့ ဆရာမ ဆွမ်လွတ် ဘောက်ခေါန်ကပြောပါတယ်။

ဒီသုတေသနလုပ်ဆောင်ခြင်းက မိမိဝန်းကျင်တွင် တည်ငြိမ်အေးချမ်းဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကာ ပိုမိုထိရောက်မှုရှိစေဖို့ တာဝန်ရှိသူများကို ဖိတ်ခါ်ခြင်းလည်း ဖြစ်ပါတယ်။

“ဒီပရောဂျက်က ငြိမ်းချမ်းရေးတည်ဆောက်ရာမှာလိုအပ်တဲ့အရာဖြစ်ပြီးတော့ ပြုပြင်ပြောင်းလဲ ရမည့်အရာတွေကို ပြုပြင်ပြီး ဒေသအဖွဲ့အစည်းငြိမ်းချမ်းစေဖို့ရည်ရွယ်ပါတယ်” လို့ သုကဆက်ပြောပါတယ်။

Systemic Action Research လုပ်ငန်းကို လွန်ခဲ့သော ၂၀၁၉ ခုနှစ်ကစတင်ခဲ့ခြင်းဖြစ်ကာ Ranir အဖွဲ့မှဦးဆောင်တာကတော့ နှစ်ကြိမ်မြောက်လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။

Leave a Reply

*