တစ်ကျော့ပြန်စစ်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေကြချိန် အောက်တိုဘာ ၉ ရက်နေ့မှာလည်း နေအိမ်များကို တည်ဆောက်နေပြီဖြစ်တယ်လို့ KHCC ကပြောပါတယ်။
နေအိမ်များကို ပုံစံခွက်တစ်ခုတည်းဖြင့် တည်ဆောက်သွားမှာမဟုတ်ပဲ စစ်ဘေးရှောင်အိမ်ထောင်စုတစ်ခုရှိ လူဦးရေအပေါ်မူတည်ပြီး သူတို့စိတ်ကြိုက်နေအိမ်ကို တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။
“စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ရေးနဲ့သက်ဆိုင်ပြီး အစိုးရနဲ့ရှင်းရှင်းလင်းလင်းပြောဆိုထားတာကြောင့် စစ်ဘေးရှောင်ပြည်သူများကိုယ်တိုင် နေရပ်ပြန်ဖို့ ဆုံးဖြတ်ရင် သူတို့လိုချင်တဲ့နေအိမ်ကို ပုံစံခွက်တစ်ခုတည်းမဟုတ်ပဲ သူတို့စိတ်ကြိုက်အနီးစပ်ဆုံး လူဦးရေများရင်များသလို လုပ်ဆောင်ပေးသွားမှာပါ” လို့ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ KHCC အဖွဲ့ဝင် ဆရာတော် ဒေါက်တာပီတာခါးအောင် ကပြောပါတယ်။
လက်ရှိနေအိမ်တည်ဆောက်နေတဲ့ ကျေးရွာ (၁၆) ရွာရှိပြီး မြစ်ကြီးနားမြို့နယ်ရှိ ကျေးရွာ (၃) ရွာ၊ ပူတာအိုခရိုင် ကျေးရွာ တစ်ရွာ၊ ချီဖွေခရိုင်က ကျေးရွာ (၆) ရွာ၊ အင်မောက်မြို့နယ်က ကျေးရွာ (၆) ရွာနဲ့ မန်စီမြို့နယ်မှ ကျေးရွာတစ်ရွာ တို့ပဲဖြစ်ပါတယ်။
နေရပ်ပြန်ကြမည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်တည်ဆောက်ပေးဖို့ Japan Nipon Foundation ကနေပြီး ကူညီပံ့ပိုးပေးနေတာဖြစ်ကာ နေအိမ် (၅၀၀) ကျော်နဲ့ လူဦးရေ (၃၀၀၀) အတွက် ကူညီးပေးသွားမှာဖြစ်ပါတယ်။