အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားများအမိမြေပြန်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိန္ဒိယနိုင်ငံမှာ အသွားအလာကန့်သတ်တားမြစ်ထားခြင်းကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားကျောင်းသားများ မေလ ၂၇ ရက်နေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး အစိုးရစီမံထားတဲ့ စောင့်ကြည့်ရေးစင်တာများတွင် ကျန်းမာရေးစောင့်ကြည့်မှုများ ခံယူနေကြတယ်လို့ သိရှိရပါသည်။ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ကျောင်းသားများတွင် ကချင်ကျောင်းသား ၁၈ ဦးပါဝင်ကာ ထိုသူများသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားရှိနေကာ ထိုနေရာတွင် ကျောင်းသားများနှင့်အတူ ထိုင်းကပြန်လာသည့် မြန်မာနိုင်ငံသားများလည်းပါဝင်ပြီး ရောဂါနဲ့ပတ်သတ်ပြီး စစ်ဆေးခြင်းကို အကြိမ်နှစ်ခါ စစ်ဆေးပေးသွားမှာဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးရာမှာတော့ ရောဂါပိုးမရှိအဖြေထွက်ထားကာ ဒုတိယအကြိမ်ပြန်လည်စစ်ဆေးဖို့ ကျန်ရှိနေသေးပြီး ကျန်းမာစွာဖြင့် အသွားအလာကန့်သတ်နေထိုင်နေကြောင်း ကျောင်းသားတစ်ဦးထံမှ သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိန္ဒိယနိုင်ငံတဝန်း အသွားအလာကန့်သတ်ခြင်းကို မတ်လ ၁၇ ရက်က ချမှတ်လိုက်တာကြောင့် မတ်ဟာလာရာပြည်နယ် မြို့တော်ဖြစ်တဲ့ ရှီလုန်မြို့မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားများနှင့် မြန်မာနိုင်ငံသားများ အဘက်ဘက်မှ ခက်ခဲမှုတွေရှိလာတာကြောင့် မြန်မာသံရုံးဘက်အကူအညီတောင်းခံပြီး အစိုးရစီစဉ်ပေးတဲ့ လေယာဉ်ခရီးစဉ်ဖြင့် အမိမြေကို ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကာ လက်ရှိတွင် ရန်ကုန်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံယူနေကာ ရှီလုန်မှာ ပညာသင်ကြားနေသူ အများစု ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။ ယခုလို အစိုးရအနေဖြင့် နိုင်ငံခြားရောက်ရှိနေတဲ့ အမိနိုင်ငံသားများကို တာဝန်ယူပြီးပြန်လည်ခေါ်ဆောင်ပေးခြင်းက အားလုံးအတွက် ကောင်းမွန်သလို အစိုးရအနေဖြင့် ခရီးစဉ်စီစဉ်ပေးမှုမရှိပါက နိုင်ငံရပ်ခြားတွင် ပညာသင်နေသူများအတွက် အင်မတန်မှ ခက်ခဲလာနိုင်ကြောင်း မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ကျောင်းသားများက ပြောဆိုကြသည်။

Leave a Reply

*