အာဏာသိမ်းတပ်မတော်ကို မြန်မာပြည်သူများ တခဲနက်ဆန့်ကျင်ဆန္ဒထုတ်ဖော်

အာဏာသိမ်းစစ်တပ်အစိုးရကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေ မြန်မာနိုင်ငံအနှံအပြားမှာ ဖြစ်ပွားနေပြီး နေရာတိုင်းတွင် လူပေါင်းထောင်သောင်းချီပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ စုရပ်ရယူကာ အာဏာရှင်စနစ်ကို တွန်းလှန်နေကြပါတယ်။

မြဝတီမြို့မှာတော့ ရဲတပ်ဖွဲ့အနေဖြင့် ဆန္ဒထုတ်ဖော်သူများကို လူစုခွဲဖို့ သေနတ်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် အခြားမြို့ကြီးမှာတော့ တည်ငြိမ်နေဆဲဖြစ်ပါတယ်။

ယခုလို အများပြည်သူ အာဏာရှင်စနစ်ကို ကျရှုံးဖို့ ဆန္ဒထုတ်ဖော်နေတာ ၂ ရက်ရှိပြီဖြစ်ပြီး သံပုံတီးဆန္ဒထုတ်ဖော်မှုကိုလည်း ညစဉ် ၈ နာရီအချိန်တွင် ပြုလုပ်နေဆဲဖြစ်ပါတယ်။

Leave a Reply

*