အာဏာသိမ်းစစ်တပ် လက်နက်ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးနဲ့ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့

ကချင်ပြည်နယ် အင်းတော်ကြီးမြို့ မိုင်းနောင်ကျေးရွာရှိ ကချင်စုရပ်ကွက်တွင် ယမန်နေ့ ဩဂုတ်လ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ ၁၁ မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်လိုက်မှုကြောင့် ဒေသခံကလေးငယ် ၂ ဦးနဲ့ အခြား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ် ပစ်ခတ်လိုက်တဲ့လက်နက်ကျည်စ ထိမှန်ခဲ့သူများထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်ခြင်းကြောင့် နန့်မွန်းဆေးရုံဘက် ပို့ဆောင်လိုက်ရသလို အခြား ၂ ဦးကတော့ ထိခိုက်မှုရှိပေမယ့် စိုးရိမ်စရာမရှိကာ ကလေး ၂ ဦးကတော့ လက်နက်ကျည်ထိမှန်ပြီး လွင့်စင်လာတဲ့မှန်စ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားမှုတွေမရှိပေမယ့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ဒေသခံပြည်သူတွေရှိရာ နေအိမ်ဘက်ကို ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် နောက်တစ်ကြိမ်းထပ်မံ လာရောက်ပစ်ခတ်မှာကိုလည်း ပြည်သူတွေက စိုးရိမ်နေကြရပါတယ်။

အာဏာသိမ်းစစ်တပ်အဖွဲ့က ထိုညတွင် ကျေးရွာအတွင်း လည့်ပတ်သွားလာအပြီး လက်နက်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုပစ်ခတ်မှုကြောင့် နေအိမ် ၅ အိမ်ထက်မနည်း လက်နက်ကျည်ထိမှန်ပြီး ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ထို့အပြင် ဝိုင်းမော်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်များက ယခုတလော အနီးဝန်းကျင်ရှိ ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်နေတာကြောင့် ဒေသခံအချို့ ညအချိန် နေရာပြောင်းပြီး တိမ်းရှောင်နေကြရသလို နေအိမ်ပျက်စီးခြင်းနဲ့ မွေးမြူရေးတိရစ္ဆာန်များသေဆုံးရမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

*