အာဏာသိမ်းစစ်တပ်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့တိမ်းရှောင်ခဲ့ရ

အာဏာသိမ်းစစ်ကောင်စီတပ်များက ပြည်သူလူထုရှိရာ ကျေးရွာအတွင်းနဲ့ အနီးတဝိုက်ဘက်တွင် ပစ်မှတ်မရှိ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ အဆက်မပျက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ယမန်နေ့ ဇူလိုင် ၅ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရှထုဇွပ်ကျေးရွာအနီးတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ (၂၉၇) တပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၄) နယ်မြေဘက် လက်နက်ကြီးဖြင့် ၆ ကြိမ်တိုက် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေခဲ့ပါတယ်။

ယမန်နေ့မှာပင် ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေ မုံကိုး-ဖောင်ဆိုင်းကျေးရွာတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့က လွယ်ငူဘွမ်ဘက် ၈၁-မမ လက်နက်ကြီးဖြင့် ၄ ကြိမ်ထက်မနည်း ပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာနဲ့ ပြည်သူတွေရှိတဲ့ ကျေးရွာဘက်နဲ့ အနီးဝန်းကျင်ဘက်ထိ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ အမြဲလိုလို ပြုလုပ်နေတဲ့အပြင် ကျေးရွာအချို့ရှိ နေအိမ်များတွင်လည်း မထင်ရင် မထင်သလို ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်နေပြီး ပစ္စည်းများယူဆောင်သွားတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

Leave a Reply

*