မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ သပိတ်စခန်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ ယနေ့နေ့လည်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းမှုပြုလုပ်တာကြောင့် ဆန္ဒထုတ်ဖော်နေတဲ့ အသက် ၂၃ နှစ်အရွယ် ကိုမျိုးမင်းသူ သေနတ်ထိမှန်ပြီး ကျဆုံးခဲ့ရကာ ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုမှ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကိုလည်း ယနေ့နေ့လည်ပိုင်းက မီးရှို့ဖျက်ဆီးလိုက်တာကြောင့် တစ်အိမ်လုံးလောင်ကျွမ်းသွားခဲ့ရပါတယ်။
စစ်ကောင်စီတပ်များရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် မြစ်ကြီးနားမြို့တွင် လက်ရှိအချိန်ထိ သုံးဦး အသက်ပေးကျဆုံးသွားခဲ့ရပြီဖြစ်ကာ ရမ်ပူရပ်ကွက် သပိတ်စခန်းများကိုလည်း နေ့စဉ်နေ့တိုင်း ဖြိုခွင်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။