ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ မျိုးဆက်သစ်လူငယ်များက စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင့်ကန့်ကွက်တဲ့အနေဖြင့် ယနေ့မနက်တွင် နန့်မြစ်ချောင်းမှာ ရေနစ်သပိတ်အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူတစ်ရပ်လုံးရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်နည်းလမ်းများဖြင့် ကျည်စစ်ကျည်မှန်အသုံးပြုကာ ဖြိုခွင်းမှုတွေကို နေရာအသီးသီးမှာ ပြုလုပ်လာတာကြောင့် မျိုးဆက်သစ်လူငယ်များကလည်း အာဏာရှင်စနစ်အမြစ်ပျက်ချေမှုန်းဖို့ သပိတ်နည်းလမ်းပေါင်းစုံအသုံးပြုပြီး အာဏာသိမ်းစစ်တပ်ကို သပိတ်မှောက်နေကြခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်းမှ ယနေ့အချိန်ထိ စစ်ကောင်းစီရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကချင်ပြည်နယ်တွင် သုံးဦးကျဆုံးခဲ့ရပြီးဖြစ်ကာ ဖမ်းဆီးခံထားရသူကလည်း အများအပြားရှိနေသလို နိုင်ငံတဝှမ်းမှာ ကျဆုံးခဲ့ရသူကတော့ သူရဲကောင်း ၂၀၀ ကျော်နေပြီပဲဖြစ်ကာ ဖမ်းဆီးခံထားရသူကတော့ ၂၁၈၁ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။