ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ခါနန်ရပ်ကွက်ရှိ ကြက်ခြံတွင် အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးဖြင့် မဆင်မခြင်ရမ်းသမ်းပစ်ခတ်လိုက်မှုကြောင့် ကြက်အစာကျွေးနေတဲ့ ကလေးတစ်ဦး ဦးခေါင်ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ရပါတယ်။

မိုးမောက်မြို့နယ် မြို့သစ်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၃၇ က ပစ်လိုက်တဲ့ လက်နက်ကြီးက ခါနန်ရပ်ကွက်ရှိ ကြက်ခြံတွင် ကျရောက် ပေါက်ကွဲပြီး ဦးမာရှောင်နဲ့ ဒေါ်ရီရီဌေးတို့ရဲ့ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်ဒီး အနားကျရောက် ပေါက်ကွဲကာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် ဆေးရုံပင် မတက်ရောက်နိုင်ခဲ့ပါဘူး။
ယခုရက်ပိုင်းအတွင်း မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ နေ့စဉ်နေ့တိုင်း ပြုလုပ်နေပြီး လူနေကျေးရွာဘက်ကျရောက်ပေါက်ကွဲ နေအိမ်ထိခိုက် မီးလောင်ကျွမ်းမှုအပြင် အပြစ်မဲ့အရပ်သား သေဆုံးမှုတွေကလည်း ယခုလို ရှိခဲ့ဘူးပါတယ်။