အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲကို အင်းတော်ကြီးဘုရားတွင် ပြုလုပ်ခဲ့

စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူများကို ပစ်ခတ်နှိမ်နှင်းဖြိုခွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ရည်စူးပြီး အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားမှာ ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲကို မတ်လ ၆ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။

Photo Credit:

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့အချိန်ထိ အသက်ပေးဆပ်လိုက်ရသူ ၅၀ ကျော်ရှိနေပြီဖြစ်ကာ ဖမ်းဆီးခံထားရသူလည်း တစ်ထောင်ကျော်ရှိနေပေမယ့် အာဏာရှင်အမြစ်ပျက်ချေမှုန်းရေး နွေဦးတော်လှန်ရေးသပိတ်ကတော့ နေ့စဉ်နေ့တိုင်း အားကောင်းမောင်းသန်ဖြင့် ရှိနေသေးတာပဲ ဖြစ်ပါတယ်။

ဒီဆုတောင်းပွဲကိုတော့ မိုးညှင်းမြို့နယ်လုံးဆိုင်ရာလူငယ် သပိတ်စစ်ကြောင်းအဖွဲ့နှင့် ရှမ်းနီလူငယ်အဖွဲ့အစည်းများ၊ ကချင်လူငယ်များ မိုးညှင်းမြို့နယ်ရှိ၊ ကျောင်းသားသမဂ္ဂအဖွဲ့တို့က စုပေါင်းပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

*