စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ လေယာဉ်အမှုထမ်း (၆) ဦးနဲ့ စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ စျေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ အပါအဝင် လူ ၈ ဦး စုစုပေါင်း (၁၄) ဦးလိုက်ပါလာတဲ့ စစ်တပ်လေယာဉ်က ယနေ့ ဇွန်လ ၁၀ ရက်နေ့ မနက် ၈ နာရီခန့်တွင် ရာသီဉတုဆိုးရွားခြင်းကြောင့် ပြင်ဦးလွင်မြို့နယ် အနိးစခန်းလေဆိပ်အနီး ပြင်ဦးလွင်သံမဏိစက်ရုံ အနောက်ဘက်တွင် ဆက်သွယ်မှုပြတ်တောက်ပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက ထုတ်ပြန်ခဲ့ပါတယ်။

ထိုစစ်တပ်လေယာဉ်က ယနေ့ မနက် ၇ နာရီတွင် နေပြည်တော်ကနေ ထွက်ခွာလာတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု ၊ကျောက်ဖျာဒိုးကျေးရွာမှာဆောက်လုပ်မယ့် မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက်ကြီးရဲ့ ပန္နက် တော်တင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ဖို့ အသွား ယခုလိုပျက်ကျခြင်းဖြစ်ကာ ၂ ဦးသာ အသက်ရှင်ကျန်ရစ် ဆေးကုသခံယူနေရပြီး ၁၂ ဦးသေဆုံးသွားကြောင်း သိရပါတယ်။
လေယာဉ်ပျက်ကျမှုတွင် ပါဝင်သွားတဲ့ စျေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရကို စစ်တပ်အာဏာသိမ်းပြီး နောက်ရက် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲ မဲမသမာမှုရှိကြောင်း လျှောက်ထားပြီး သွားရောက်ဖူးမြော်ခဲ့ပါသေးတယ်။