အာဏာသိမ်းစစ်တပ်မှ အခြေခံပညာရေးကျောင်းတွင် တပ်စွဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

ဗန်းမော်ခရိုင် မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီးတွင် ယမန်နေ့ မေလ ၁၆ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁) နဲ့ အာဏာသိမ်းစစ်တပ် ခမရ (၆၀၂)၊ တကခ (၁၀) ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေစဉ် ဖရီထတောင်နဲ့ မဒန်ယန်ကျေးရွာအနီးဘက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် နေ့လည် ၁၂ နာရီခွဲကစပြီး ၂ ကြိမ်း လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သလို ထိုနေ့မှာပင် မဂျီကုန်းဘက်ကို အာဏာသိမ်းစစ်တပ်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများနဲ့ စစ်ပစ္စည်းများ ပို့ဆောင်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ယခုတလော မဒန်ယန်တွင် တိုက်ပွဲဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး မေလ ၁၅ ရက်နေ့မှာလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သလို တိုက်ပွဲဖြစ်ပွားချိန်တိုင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျေးရွာဘက် ကျရောက်ပေါက်ကွဲမှုတွေကလည်း အမြဲလိုလို ရှိနေတာပါ။

ယမန်နေ့မှာပင် သျှမ်းပြည်မြောက်ပိုင်း မုံးယော်ရှိ အခြေခံပညာရေးကျောင်းတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေ တပ်မဟာ (၁၀) လက်အောက်ရှိ တပ်ရင်း (၁၇) ဌာနချုပ်နေရာဘက်ကို မနက် ၈ နာရီခွဲအချိန်က လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

Leave a Reply

*