အာဏာသိမ်းစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တိုးလုပ်ဆောင်လာ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၄) တည်ရှိရာ ခါးကောင်တဝိုက် မေလ ၃၁ ရက်နေ့ ည ၅ နာရီအချိန်ခန့်တွင် မြစ်ကြီးနားဘက်ကနေ ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်တိုက်လေတစ်စီး ဗုံး ၂ လုံး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ထိုသို့ဗုံးကြဲတိုက်ခိုက်ပေမယ့် ကေအိုင်အေဘက်မှ ထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ယမန်နေ့ ည ၅ နာရီခွဲတွင် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုဘက်မှ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) တည်ရှိရာ ရွှေကူမြို့နယ် ကျောက်ကြီးအနီး သာယာကုန်းကျေးရွာနဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကသာမြို့နယ် ဟဲနားကျေးရွာတွင်လည်း ယမန်နေ့ည ၅ နာရီ ၁၅ မိနစ်အချိန်တွင် မြစ်ကြီးဘက်ကနေ တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ကေအိုင်အေ တပ်မဟာ (၈) တပ်ရင်း (၅) ဒေသဖြစ်တဲ့ ကသာမြို့နယ် မိုးဒါးကြီးကျေးရါာနဲ့ မြေနုကျေးရွာကြား တောကျောင်း ဘုန်းကြီးကျောင်းအနီးတွင် အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄) တည်ရှိရာနေရာဘက်ကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်များက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

Leave a Reply

*