ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးဘက်ကို ခယာဘွမ်တွင်တပ်စွဲထားတဲ့ စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုမှ ဇွန်လ ၂၃ ရက်နေ့ ညနေ ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ဒေါ့ဖုန်းယန်မြို့ Hkangkai ဘွမ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ညနေ ၉ နာရီနဲ့ ၁၀ နာရီကြားတွင် အလော့ဘွမ်ဘက် ၁၀၅-မမ လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်မှုပြုလုပ်ခဲ့သလို ပါဂျောင်ဘွမ်ဘက်ကိုလည်း လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုတွေ ပြလုပ်ခဲ့ကြောင်း ဒေသခံများကပြောပါတယ်။
ကေအိုင်အို ထိန်းချုပ်နယ်မြေ အရှေ့ပိုင်းတိုင်ဌာနချုပ်ရှိရာ မိုင်ဂျာယန်မြို့တွင်လည်း အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးပစ်ခတ်သံများကို ကြားခဲ့ရကြောင်း ဒေသခံများက ဆိုပါတယ်။
ဇွန်လ ၂၃ ရက်နေ့ ညနေ ၇ နာရီခွဲခန့်မှာတော့ ဝိုင်းမော်မြို့ မိုင်းနားကျေးရွာ ဗလမင်းထင်တံတားထိပ် စုပေါင်းဂိတ်ကို ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၃) အဖွဲ့မှ ခဏတဖြုတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့အပြီး တံတားထိပ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သလို မြစ်ကြီးနားမြို့ဘက်တွင်လည်း ရဟတ်ယာဉ်များဖြင့် လှည့်ပတ်မောင်းနှင်မှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။