အာဏာသိမ်းစစ်တပ်မှ မြို့လှ၊ ဘူးဝနဲ့ ဇွတ်အောင်ကျေးရွာဘက် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်

ဇူလိုင် ၉ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တည်ရှိရာ မြို့လှ၊ ဘူးဝနဲ့ ဇွတ်အောင်ကျေးရွာဘက်ကို အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် မြို့လှတွင် ဇူလိုင် ၉ ရက်နေ့ ညနေပိုင်း ၂နာရီ ၅၀ မိနစ်ခန့်တွင် ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကာ ထိုအနီးရှိ တစ်ခုတည်းသော ဆက်သွယ်ရေးတာဝါတိုင် ဗုံးထိမှန်ပြီး ပျက်စီးသွားခဲ့ရပါတယ်။

တဆက်တည်းမှာပဲ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဘူးဝကျေးရွာတွင် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ကာ ကေအိုင်အေတည်ရှိရာ ဇွတ်အောင်ကျေးရွာဘက်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စက်သေနတ်များဖြင့်လည်း ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

ဇူလိုင် ၉ ရက်နေ့ တိုက်ပွဲတွင် နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုရှိခဲ့ကာ ခြေလျင်ထိုးစစ်ဆက်တိုက်ခိုက်လာစဉ် စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်းသေဆုံးပြီး ၇၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၃ ဦးကျဆုံး ၃ ဦးအဆက်အသွယ်ပျက်တောက်နေကြောင်း KPDFမှ ထုတ်ပြန်ထားပါတယ်။

Leave a Reply

*