အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေနယ်မြေဘက် လက်နက်ကြီးများဖြင့်ပစ်ခတ်

စိန်လုံတောင်နဲ့ ယော်ယုံတောင်တွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက မတ်လ ၂၈ ရက်နေ့ ည ၈ နာရီကနေ ၁၀ နာရီခွဲအချိန်ထိ ကချင်လွတ်မြောက်ရေးတပ်မတော် တည်ရှိရာနယ်မြေဘက်ကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ကြပါတယ်။

ထိုနေရာများတွင် ကေအိုင်အေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ခိုက်မှုတွေမရှိပေမယ့် အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၅) နယ်မြေ နဲ့ တပ်ရင်း (၂၁) နယ်မြေဘက်ကို ယော်ယုံတောင်ကနေ စစ်ကောင်စီတပ်များက ၁၂၀-မမ ဖြင့် (၃၄) ကြိမ်ပစ်ခတ်ခဲ့တဲ့အပြင် စိန်လုံတောင်ကနေ လက်နက်ကြီးဖြင့် ၇ ကြိမ်လောက် ပစ်ခတ်ခဲ့ပါတယ်။

ကေအိုင်အေတပ်ရဲ့ ခရိန်မူဒန်တပ်စခန်းဘက်ကိုလည်း အာဏာသိမ်းစစ်တပ်ဘက်မှ ညနေ ၈ နာရီခွဲကနေ ၉ နာရီအထိ မိနစ် ၃၀ ကြာ လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်မှုပြုလုပ်ခဲ့ကြပါတယ်။

မတ်လ ၂၅ ရက်နေ့မှာလည်း လက်နက်ကြီးငယ်များဖြင့် စိန်လုံတောင်ပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များရဲ့ မဆင်မခြင်ပစ်ခတ်မှုကြောင့် စိန်လုံကျေးရွာနဲ့အနီးတဝိုက်ကျေးရွာများတွင် နေထိုင်ကြတဲ့ ဒေသခံများက စိုးရိမ်တာကြောင့် လက်ရှိတွင် ဗန်းမော်၊ ဗန်းမောက်၊ လွယ်ဂျယ်၊ အင်ခေါင်ပါ၊ ပါကထောင်စစ်ဘေးရှောင်စခန်းများကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Leave a Reply

*