အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေနယ်မြေဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ခရာတောင်တွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်မှ ကေအိုင်အေတပ်ဖွဲ့တွေရှိတဲ့ အလန်းတောင်၊ မိုင်ဆပ်ပါအနီးတဝိုက်များတွင် ယနေ့ မတ်လ ၂၇ ရက်နေ့က လက်နက်ကြီးဖြင့် ၄ ကြိမ်မျှ ပစ်ခတ်ခဲ့ပါတယ်။

ပုံဟောင်းဖြစ်ပါတယ်။

မတ်လ ၂၆ ရက်နေ့မှာလည်း ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၄) နယ်မြေဘက်ကို ဂွေထော်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခလရ (၁၄၂) မှ ၆၀-မမ ဖြင့် ၃ ကြိမ်ပစ်ခတ်ပြီး လက်နင်ငယ်များဖြင့်လည်း တရစပ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြသလို ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၅) ဒေသဖြစ်တဲ့ ဆန်ဂန်မှာလည် စစ်ကောင်စီတပ် ခလရ (၂၇၆) မှ ခရော့ကောင်စစ်စခန်းဘက်ကို ၆၀-မမ ဖြင့် အချက်ပေါင်း ၁၁ ချက် ပစ်ခတ်ခဲ့တာပါ။

ဒါ့အပြင် ကေအိုင်အေ တပ်ရင်း (၂၇) နယ်မြေမှာ ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်က နေ့လည် ၁၁ နာရီအချိန်ခန့်တွင် လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့သလို ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၄၄) နယ်မြေဘက်ကို နန့်ယားကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ (၁၂) တပ်တို့က မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်တွင် ခန့်ခူးနဲ့ ၉ မိုင်ဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြပါတယ်။

ယနေ့ ညနေ ၆ နာရီအချိန်ခန့်မှာတော့ ဂါ့ဂန်တောင်တွင် ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်များက ဂျာပူကျေးရွာဘက်ကို ၁၂၀-မမ ဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ရှေ့တန်းရောက်စစ်သည်များထံမှ သိရပါတယ်။ သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၁၇) နယ်မြေဘက်တွင်လည်း မတ်လ ၂၆ ရက်နေ့က အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*