အာဏာသိမ်းစစ်တပ်ဖမ်းဆီးထားတဲ့ ကက်သလစ်ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ

အာဏာသိမ်းစစ်ကောင်စီတပ်များရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ကက်သလစ်အသင်းတော် ဗန်းမော်သာသနာနယ်ရှိ ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန် လဘန်လဒီး ကို မေလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရပါတယ်။

ဘုန်းတော်ကြီးမှ ခရီးသွားလာနေစဉ် လမ်းခုလပ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပါရှိလာတဲ့ ဖုန်းကို စစ်ဆေးခဲ့ကာ အချက်အလက်အချို့ကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း အသင်းသားတစ်ဦးကပြောပါတယ်။

“ဘုန်းတော်ကြီးနဲ့ တွေ့ပြီးပြီ ရိုက်နှက်တာတွေတော့ မရှိဘူး၊ ဖုန်းထဲမှာရှိတဲ့ ပုံတွေကြောင့် ဖမ်းတာလို့ပြောတယ်၊ စစ်တပ်ဘက်က အဲ့ဒီအရာတွေနဲ့ သက်ဆိုင်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်” လို့ ဗန်းမော်သာသနာနယ် တွဲဖက်အတွင်းရေးမှူး ဂျန်မာ အောင်ဂမ် ကပြောပါတယ်။

ဘုန်းတော်ကြီး ကိုလန်ဘန် လဘန်လဒီး နဲ့အတူ လူငယ် ၄ ဦးကို မေလ ၁၃ ရက်နေ့က မြစ်ကြီးနား-ဗန်းမော်ကားလမ်းမတွင် ခရီးသွားနေစဉ် စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ၅ ရက်တိုင် ဖမ်းဆီးခံလိုက်ရတာ ထိုထဲတွင် ဘုန်းတော်ကြီးနဲ့အတူ လူငယ်အမျိုးသမီး တစ်ဦး အမျိုးသား သုံးဦးတို့ပါဝင်ပြီး တပြိုင်နက်တည်း အားလုံးကို လွတ်ပေးခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*