အာဏာသိမ်းစစ်တပ်နဲ့ KIA, MNDAA တို့ ၄ နေရာ တိုက်ပွဲဖြစ်ပွား

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နဲ့ နွမ်လန်းကျေားရွာအကြား ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) ခြေမြန်တပ်ရင်း (၁၉) မှ ယနေ့ ဇူလိုင် ၂၆ ရက်နေ့ ၁၂ နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသ ဖောင်းဆိုင်အနီး မန်ပျဉ်းနဲ့ နောင်ဖိုင်ကြား ဇူလိုင် ၂၆ ရက်နေ့ နေ့လည် ၁၁ နာရီခွဲတွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၃၁၅) နဲ့ ကိုးကန့်တပ်မတော်တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

“ဒီမနက် မုံကိုးဘက်ကနေ ထွက်လာတဲ့ အာဏာသိမ်စစ်တပ်ကို ကိုးကန့်တပ်မတော်က စောင့်ကြိုပြီးတိုက်ခိုက်လိုက်တာ၊ မန်ပျဉ်းကျေးရွာအရှေ့နဲ့အနောက် နှစ်နေရာမှာ နေ့လည် ၂ နာရီအထိ ပစ်ခတ်သံတွေကြားနေရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကေအိုင်အေတပ်မဟာ (၁၀) တပ်ရင်း (၂) နယ်မြေ မုံဂျီဒေသ လွယ်ဝိန်းဘွမ်တွင် ယနေ့ မနက် ၇ နာရီခွဲခန့်ကနေ ၉ နာရီထိ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

စစ်အင်အား ၂၃၀ ခန့်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်မှ ခုခံတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားရာနေရာဘက် တာမိုးညှဲတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ၁၀၅-မမ လက်နက်ကြီးဖြင့် ၁၂ ကြိမ်းထက်မနည်း ပစ်ကူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Leave a Reply

*