အာဏာသိမ်းစစ်တပ်နဲ့ KIA တို့ တနိုင်းမြို့နယ် ရှဒူးဇွပ်တွင် တိုက်ပွဲဖြစ်ပွား

ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၄) ဒေသဖြစ်တဲ့ တနိုင်းမြို့နယ် ရှဒူးဇွပ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ကေအိုင်အေတပ်ကြား မတ်လ ၁၅ ရက် ယနေ့မနက်အစောပိုင်းတွင် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက်တိုက်ခိုက်မှုတွင် လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ် စံပြကျေးရွာရှိ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်း (၂၉၇)နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တို့ က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် လူနေအိမ်အနီးတဝိုက်ကျရောက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ချို့ထံမှသိရပေမယ့် နှစ်ဖက်တပ်ထိခိုက်မှုရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေတပ်ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုတွေက ဖေဖော်ဝါရီလအစကတည်းက သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေဆဲဖြစ်ကာ ကချင်ပြည်နယ်မှာတော့ မတ်လ ၁၁ ရက်နေ့ကစပြီး အချို့နေရာများတွင် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

Leave a Reply

*