ကေအိုင်အေ တပ်မဟာ (၅)နယ်မြေဖြစ်တဲ့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အလောဘွမ်တွင်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်းကို ယနေ့ မတ်လ ၂၄ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ကေအိုင်အေဘက်မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့များက ကေအိုင်အိုဌာနချုပ် နယ်မြေဘက်တွင် စစ်ရေးလှုပ်ရှားမှုတွေ အလွန်အကျူး ဆက်တိုက်လုပ်ဆောင်နေကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေရှိနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သလို လက်နက်ပစ်ခတ်သံများကို လိုင်ဇာမြို့က ကြားနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားနေမှုတွေက ဖေဖော်ဝါရီလကတည်းက သျှမ်းပြည်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေဆဲဖြစ်သလို ကချင်ပြည်နယ်မှာတော့ ယခုလကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ကေအိုင်အိုဌာနချုပ်အနီးမှာတော့ ယနေ့တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပါတယ်။