ရှမ်းပြည်နယ် မြောက်ပိုင်း မုံကိုး-ဖောင်ဆိုင်းကျေးရွာနဲ့ လောက်ကိုင်တွင် တည်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က ပူဝမ်ကျေးရွာဘက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကို ယနေ့ ဇူလိုင် ၁၇ ရက်နေ့ မနက် ၈ နာရီကနေ နေ့လည် ၁ နာရီအထိ ပစ်ခတ်မှုလုပ်ဆောင်နေကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီး ၆ ကြိမ်ပစ်ခတ်လိုက်ကာ အချို့ကျည်များက ကျေးရွာဘက် ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း သိရသလို ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ အတိအကျမရှိရသေးကာ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
အချို့သော ဒေသခံပြည်သူများကတော့ တရုတ်နယ်စပ် မန်ဟိန်းဘက် ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရပါတယ်။