အာဏာသိမ်းစစ်ကောင်စီ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက် ယနေ့မနက် ၇ နာရီခန့် မိုးညှင်းမြို့နဲ့ နန်းမားကျေးရွာကြား ဖြတ်သန်းလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) လက်အောက်ရှိ အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စစ်ယာဉ်တန်းအုပ်စုက ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်ခဲယမ်းများဖြည့်တင်းလာတဲ့ စစ်ကား (၂၀) စီးပါ ယာဉ်တန်းဖြစ်ပါတယ်။ ရှေ့ဆုံးကနေ ထွက်ခွာလာတဲ့ စစ်ကာ သုံးစီးပါ ယာဉ်တန်းအုပ်စုကို ကေအိုင်အေဘက်မှ တိုက်ခိုက်နိုင်လိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကာ အတိအကျစာရင်းကိုတော့ သိရှိနိုင်ခြင်း မရှိသေးကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

စစ်ရေးတိုးမြင့်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်လိုက်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ဘက် ပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကာ သူတို့ရဲ့စစ်ကားအချို့က ဟိုပင်ဘက် ပြန်လည်ထွက်ခွာသွားကြောင်းလည်း သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်က ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့မှုကို ခြေလျင်၊ ယာဉ်တန်းနဲ့ ရေကြာင်းများဖြင့်လည်း ထပ်တိုးပြုလုပ်နေခြင်းကြောင့် ကေအိုင်အေနဲ့  တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့အပြင် ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF တို့နဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Leave a Reply

*