အာဏာသိမ်းစစ်ကောင်စီအနေဖြင့် NCA ကိုချိုးဖောက်မှုစဉ်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ယနေ့ မတ်လ (၁၂) ရက်နေ့တွင် ၂ရက်သာအဖြစ် ကျင်းပပြီးစီးခဲ့ပါတယ်။

PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းထဲမှာဖော်ပြထားတာကတော့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများနဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားသူများကို စစ်ကောင်စီက အကြမ်းဖက်ရက်စက်စွာ ဖြိုခွင်းမှုလုပ်ဆောင်နေခြင်းကို တားဆီးနိုင်ရေး‌ဆွေးနွေးနိုင်ခဲ့ကြောင်းပါရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တဖက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ကြီးမားစွာချိုးဖောက်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေတာကြောင့် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။

NCA-S EAO အဖွဲ့အနေဖြင့် ပြည်သူတစ်ရပ်လုံးနဲ့အတူ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါ၀င်ကြတာပဲဖြစ်ပါတယ်။

Leave a Reply

*