ယမန်နေ့ ဧပြီ ၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဟန်ကိုင်တောင်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်မှ ကေအိုင်အိုဌာနချုပ်နယ်မြေ တပ်မဟာ (၅) တပ်ရင်း ၂၄ နေရာဘက်ကို လက်နက်ကြီး ၁၀၅-မမ ဖြင့် ၈ ကြိမ်တိုင်ပစ်ခတ်ခဲ့ပါတယ်။

ထိုနေ့ညမှာပဲ ဖားကန့်ဘက်ဦးတည်ပြီး စစ်ကူအဖြစ်သွားရောက်တဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ယာဉ်တန်းက မိုးကောင်းနဲ့မရန်ကထောင်ကျေးရွာအကြားတွင် မိုင်းခွဲတိုက်ခိုက်ခြင်းခံရတယ်လို့ သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ခိုက်မှုတွေက သျှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တလွှားတွင် မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။