အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ လွယ်ဆိုင်တောင်အောက်တွင် စက်တင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲအထိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ- The Kokang

ဩဂုတ်လကစတင်ပြီး မုံးကိုးဒေသတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ပြည်သူအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး အပြစ်မဲ့ ပြည်သူ ၆ ဦး အာဏာသိမ်းစစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီးဖြစ်ကာ စစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားမှုများကိုလည်း အမြဲလိုလို လုပ်ဆောင်နေတာကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဖို့ ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်မှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြင်းထန်လာတာကြောင့် ကိုးကန့်တပ်မတော်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း ကိုးကန့်တပ်မတော်ဘက်က သိမ်းဆည်းနိုင်ခဲ့သလို ကိုးကန့်တပ်မတော်ဘက်ကတော့ ၂ ဦးကျဆုံးခဲ့ရပြီးဖြစ်ပါတယ်။

မုံးကိုး-ဖောင်းဆိုင်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော်၊ ကိုးကန့်တပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များကြား မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

*