အာဏာသိမ်းစစ်ကောင်စီတပ်သားများ မိုင်းဆွဲမိပြီး ၇ ဦးသေဆုံးအများအပြား ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ဟူနောင်ကျေးရွာတွင် ဩဂုတ်လ ၄ ရက် ယမန်နေ့ ညနေပိုင်း ၁ နာရီခွဲတွင် ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေဘက် ထိုးစစ်ဆင် တိုက်ခိုက်ဖို့ချီတက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ကေအိုင်အေမှ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်လိုက်တာကြောင့် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာတဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) ခြေမြန်တပ်ရင်း (၂၀)နယ်မြေဘက် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို ဩဂုတ်လ ၄ ရက်နေ့လည် ၁၁ နာရီခွဲတွင် အသင့်ထောင်ထားတဲ့မိုင်းနင်းမိပြီး တပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် အာဏာသိမ်းစစ်တပ်အုပ်စုက ဒေသခံ အရပ်သားပြည်သူ (၂) ဦးကို လမ်းပြအဖြစ် ပေါ်တာဆွဲခေါ်ဆောင်သွားခြင်းခံခဲ့ရကာ အဆိုပါ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသလို ထိုနယ်မြေတဝိုက် အာဏာသိမ်းစစ်တပ်အဖွဲ့က ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကို အမြဲလိုလိုလုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

ယမန်နေ့ည ၄ နာရီခွဲမှာတော့ မုံကိုးဒေသ ဘန်ဆိုင်းအနီး ရေပူစမ်းအထက်ပိုင်းကျေးရွာဘက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်အုပ်စုကို ကိုးကန့်တပ်မတော် (MNDAA) မှ ခုခံတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*