ယနေ့မနက် ကေအိုင်အေတပ်နဲ့ ပန်စွံဘွမ်တောင်တွင် တိုက်ပွဲဖြစ်ပွားပြီး ဆင်းလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များက ဒေါ့ဖုန်းယန်မြို့ရှိ ရပ်ကွက် (၁) မှ အခြေခံပညာ ကျောင်းဆရာင်းတစ်ဦးရဲ့ နေအိမ်ထဲ ယနေ့ညနေပိုင်းတွင် ထင်တိုင်ကြဲဝင်ရောက်ကာ ငွေကြေးရှာဖွေပြီး ခိုးယူသွားကြောင်း သိရပါတယ်။

ထို အာဏာသိမ်းစစ်တပ်က စစ်အင်အား (၁၀၀) ကျော်ဖြင့် တောင်မှ ဆင်းလာသူများဖြစ်ကာ ကျောင်းဆရာနဲ့ ဇနီးတို့နှစ်ဦး ကျောင်းသွားရောက်နေစဉ်အတွင်း နေအိမ်သော့ရိုက်ချိုးဖျက်ဆီးကာ ငွေကျပ် ၇ သောင်းနဲ့ ဆန်များကို ယူဆောင်သွားသလို ကျောင်းဆရာရဲ့ မှတ်ပုံတင်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။
ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်များက အပြစ်မဲ့ပြည်သူများရဲ့ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေပြီး လိုချင်တဲ့ပစ္စည်းမှန်သမျှ အတင်းအဓမ္မယူဆောင်သွားမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။