အာဏာသိမ်းစစ်ကောင်စီတပ်မှ ၅ ရက်ဆက်တိုက် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ မြို့သစ် ကုန်းလောကျေးရွာ အရှေ့ဘက်ရှိတဲ့ အလော့ဘွမ်တောင်ခြတဝိုက်တွင် ကေအိုင်အေ တပ်မဟာ ၅ နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေက ၂၄ ရက်နောက်ပိုင်း ပိုမိုပြင်ထန်လာခဲ့ပါတယ်။

ယနေ့မနက် ၅ နာရီကနေ နေ့လည် ၁၁ နာရီအထိ ကေအိုင်အေဌာနချုပ်နယ်မြေ ဆလော်ကုန်း (တာဝါတိုင်) အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ကာ ရှန်ထုံဘွမ်တွင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား မနက် ၄ နာရီအခွဲအချိန်တွင် တိုက်ပွဲပြင်းပြင်ထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

ဆလော်ကုန်းတိုက်ပွဲမှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်များက ယမန်နေ့ ဧပြီ ၂၇ ရက်နေ့ ညနေ ၁၂ နာရီကစတင်ပြီး ယနေ့ မနက် ၄ နာရီခွဲအချိန်ထိ ရဟတ်ယာဉ် ၂ စီး၊ ဂျက်တိုက်လေယာဉ် ၂ စီး အသုံးပြုပြီး သုံးကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို လေယာဉ်ပေါ်ကနေ စက်သေနတ်များဖြင့် ပစ်ခတ်မှုတွေပြလုပ်ခဲ့ကာ ရှန်ထုံဘွမ်တိုက်ခိုက်မှုမှာတော့ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

အလော့ဘွမ်ကို ကေအိုင်အေမှ မတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်အပြီး စစ်ကောင်စီဘက်မှ မြေပြင် ဝေဟင်အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သလို အလော့ဘွမ်တောင်က ကေအိုင်အေနဲ့ စစ်ကောင်စီတပ်အတွက် အလွန်အရေးပါတဲ့နေရာဖြစ်တာကြောင့် စစ်ကောင်စီတပ်မှ ဧပြီ ၂၄ ရက်နေ့က ပြန်လည်စတင်ပြီး ဝေဟင်မှ လေယာဉ်ဖြင့် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လာပြီး ယနေ့ဆိုရင် ၅ ရက်ဆက်တိုက်ဖြစ်နေပြီဖြစ်ကာ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာပါ။ ကချင်ပြည်နယ်နဲ့ သျှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ KIA တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေတာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကဖြစ်ပြီး ယခုနောက်ပိုင်း စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေကို ပြင်းပြင်ထန်ထန်လုပ်ဆောင်လာနေတာကြောင့် စစ်တပ်အနီးဝန်းကျင်ရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း လေးထောင်နီးပါးရှိနေပါပြီ။

Leave a Reply

*