ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာ ၁၀ ခုကို အသွားအလာကန့်သတ်ထားရာကနေ ဇန်နဝါရီ ၂၁ ရက်နေ့ကစတင်ပြီး ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပူတာအိုခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီထံမှ သိရှိရပါတယ်။
ဒေသတွင်းကို အကြောင်းကြားခြင်းမရှိခရီးသွားသူ (၃)ကို ကျန်းမာရေးစောင့်ကြည့်ခြင်းတွေလုပ်ဆောင်ပြီး ကိုဗစ်စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းမရှိတာကြောင့် အသွားအလာကန့်သတ်ခြင်းကို ရုပ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။
အသွားအလာကန့်သတ်ခြင်းကို ဇန်နဝါရီ ၁၅ ရက်နေ့ကစတင်ပြီး ၂၈ ရက်နေ့အထိလို့ သတ်မှတ်ထားခဲ့ပေမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ ရုပ်သိမ်းပေးလိုက်ခြင်းဖြစ်ကာ ပူတာအိုဒေသတွင်း ဝင်ရောက်သူများကို ကျန်းမာရေးစောင့်ကြည့်ခြင်းလုပ်ဆောင်ပြီး သွားလာခွင့်ပြုထားကြောင်း ကော်မတီတာဝန်ရှိသူတွေကပြောပါတယ်။