အလော့ဘွမ်တောင်ခြေတွင် KIA တပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့

ကေအိုင်အေဌာနချုပ်နယ်မြေ တပ်မဟာ (၅) အလော့ဘွမ်တောင်ခြေပိုင်းတွင် ဧပြီ ၂၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် စတင်တိုက်ခိုက်မှုတွေရှိခဲ့ကာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အလော့ဘွမ်တောင်ခြေ ရှန်ထုံဘွမ်နဲ့ ကားလမ်းမ တလျှောက်စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်များကို ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဒေါ့ဖုန်းယန်မြို့နယ် မြို့သစ် ကုန်းလောဘက်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဘက်မှ ၁၂၀-မမ, ၁၄၀-မမ စတဲ့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့တာအပြင် တိုက်လေယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ၊ ကေအိုင်အေနဲ့ဖြစ်တယ်လို့ထင်တယ် အဲ့အချိန် လက်ယာဉ်နဲ့ပြန်လာပစ်တာတွေလုပ်တယ် ခန့်မှန်းကြည့်သလောက် ကေအိုင်အေတပ်နဲ့ တိုက်ပွဲဖြစ်ပွားပုံရပါတယ်” လို့ မြို့သစ်ကျေးရွာနေ ဒေသခံတစ်ဦးကပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) နယ်မြေဖြစ်တဲ့ မန်ဒုံကျေးရွာအနီးတွင် ဧပြီ ၂၃ ရက်နေ့က ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*