အလန့်ဘွမ်တွင် ပန်းချီပြခန်းဖွင့်လှစ်ပြသ

အလန့်ဘွမ်အထက်တန်းကျောင်းတွင် ဧရာဝတီအဖွဲ့မှကြီးမှူးဦးဆောင်ပြီး ပန်းချီပညာရပ်တွင်စိတ်ဝင်စားသော ကျောင်းသားများရဲ့ ပန်းချီ လက်ရာများနဲ့ ကဗျာများကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြသခဲ့ကြောင်းသိရှိရပါတယ်။

စစ်ဘေးရှောင်ဘဝဖြစ်လာချိန်မှစပြီး ဖြစ်ပေါ်လာသောစိတ်ခံစားချက်များကို စက္ကူပေါ်တွင် အသွင်ပြင်မျိုးစုံနှင့် ဖော်ထုတ်ပြသခြင်းဖြစ်ပါတယ်၊ အားငယ်တဲ့စိတ်တွေလျောကျသွားဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

” အခုလိုပန်းချီပြပွဲတွေပြုလုပ်တဲ့အတွက်ကြောင့် ကလေးတွေဟာ စိတ်ခွန်အားရလာပြီး၊တက်ကြွမှုတွေဖြစ်လာမယ်” လို့ ဆရာမ ဂလောင်းခေါနန်ကပြောပါတယ်။

အလန့်ဘွမ်အထက်တန်းကျောင်းတွင် ပညာသင်ကြားနေပြီး ပန်းချီပညာရပ်တွင်စိတ်ဝင်စားကာ သူမ၏စိတ်ခံစားချက်အားရေးဆွဲဖော်ပြထားသောပန်းချီကားကို ယခုလိုပြသပေးသောကြောင့် အလွန်ဝမ်းသာမိပါကြောင်း ဆယ်တန်းကျောင်းသူမရန်ဆိုင်းတောင်ကလဲပြောပါတယ်။

အလန့်ဘွမ်အထက်တန်းကျောင်းတွင် စစ်ပြေးရှောင်ကလေးများအများစုတက်ရောက်နေသောကျောင်းဖြစ်ပြီး ကျောင်းဆရာ ၇၀ ကျော်နဲ့ ကျောင်းသူ‌ယောက် ၆၀၀ ပညာသင်ကြားခံယူနေကာ ဧရာဝတီအဖွဲ့မှာ ကျောင်းသူကျောင်းသားများကို ပန်းချီပြိုင်ပွဲများ၊ ကဗျာရေးနည်းသင်ပေးခြင်းများသင်ကြားပေးနေကြောင်းသိရှိရပါတယ်။

Leave a Reply

*