အလန့်ဘွမ်စစ်ဘေးရှောင်စခန်းရှိ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားဦးရေ (၁၀၀) ခန့်ကို ကေအိုင်အိုအစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးသန့်လေ့လာသင်ကြားခြင်းကို ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားများအနေဖြင့် ကေအိုင်အိုပါတီဝင်ဖို့ ဆရာများကို ပြောဆိုလာခြင်းတွေရှိလာတာကြောင့် ကေအိုင်အိုရဲ့ဖွဲ့စည်းပုံကို ကောင်းမွန်စွာသိရှိလာဖို့ ရည်ရွယ်ပြီး သင်ကြားပေးခြင်းဖြစ်ကာ နောင်တစ်ချိန်တွင် ပါတီဝင်ဖြစ်လာဖို့ မျှော်လင့်မှုတွေလည်း ရှိတယ်လို့ အထက်တန်းကျောင်းအုပ် ဆရာကြီး ခေါင်လွမ် ကပြောပါတယ်။
စိတ်ပါဝင်စားပြီး အမည်စာရင်းပေးသွင်းထားသူ ကျောင်းသားဦးရေ ၉၈ ဦးရှိနေကာ သင်ကြားပေးခြင်းကိုတော့ ဌာနချုပ်ပါတီကော်မတီ အတွင်းရေးမှူး ဦးလဘောင်ဂမ်ရစ်၊ အထွေထွေအုပ်ချုပ်ရေးပါတီကော်မတီ အတွင်းရေးမှူး ဦးရစ်ဂျောင်ဒိုင်ခေါင် နဲ့ဆရာမများ လာရောက်ပို့ချပေးခဲ့တာပါ။
ယခင်အချိန်တွေတုန်းက ကျောင်းသားများ ပါတီဝင်နိုင်ရေးကို မသိရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျောင်းသားများဖြစ်ပေမယ့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ကေအိုင်အိုပါတီဝင်ဖို့ လက်ခံကြိုဆိုတာတွေရှိနေပြီလို့ ကျောင်းအုပ်ကြီးကပြောပါတယ်။
ဒီသင်ကြားပို့ချခြင်းကို နိုင်ဝင်ဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နေ့တိုင်းသင်ကြားပေးခြင်းဖြစ်ကာ အမျိုးသားနိုင်ငံရေးလမ်းစဉ်များနဲ့သက်ဆိုင်ပြီး သီချင်းများဖြင့်လည်း ပို့ချပေးခဲ့ပါတယ်။