အရှေ့ပိုင်းဒေသတွင်း အရေးကြီး သွားလာရသူများကို ခွင့်ပြု

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ အရှေ့ပိုင်းဌာနချုပ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးကာလတွင် ခရီးသွားလာမှုများအပြုလုပ်ဖို့ သက်ဆိုင်ရာ ကော်မတီက ထုတ်ပြန်ကြေညာထားပေးမယ့် လက်ရှိအချိန်က ကျောင်းဖွင့်ပြီဖြစ်တာကြောင့် ကျောင်းသွားကျောင်းပြန် ပြုလုပ်သူများကို ဒေသတွင်း သွားလာခွင့်ပြုလိုက်ပါတယ်။

အရေးတကြီးသွားလာခွင့်ပြုခြင်းကို ဒေသတွင်း ကျေးရွာအသီးသီးကို ထုတ်ပြန်ကြေညာပေးထားပြီးဖြစ်ကာ မြန်မာအစိုးရထိန်းချုပ်နယ်မြေဘက် ခရီးသွားရောက်ပြီး ကျောင်းအပ်ပြန်လာသူများကိုတော့ သတ်မှတ်ထားတဲ့ အသွားအလာစောင့်ကြည့်ရေးနေရာတွင် ကျန်းမာရေးစောင့်ကြည့်မှုတွေ ခံယူရမှာဖြစ်ပါတယ်။ အရှေ့ပိုင်းဒေသအတွင်းတွင် ဇူလိုင် ၁၁ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ခရီးသွားလာမှုတွေကို ပိတ်ပင်ထားတာဖြစ်ကာ လက်ရှိအချိန်မှာတော့ ကျန်းမာရေးစောင့်ကြည့်ခံနေသူ ၄၀၀ ကျော် ရှိနေပါတယ်။

Leave a Reply

*