ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အရှေ့ပိုင်းတိုင်းဌာနချုပ်ဒေသအတွင်း ဇွန်လ ၁၁ ရက်နေ့ကစပြီး အချိန်သတ်မှတ်ချက်မရှိ ခရီးသွားလာခြင်းများကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း အရှေ့ပိုင်းတိုင်းဌာနချုပ် ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေးကော်မတီထံမှ သိရှိရပါတယ်။ မိုင်ဂျာယန်ဒေသ၊ လွယ်ဂျယ် သီးခြားဒေသအတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိရတာကြောင့် အရှေ့ပိုင်းတိုင်းအတွင်း နေထိုင်လျက်ရှိတဲ့ အများပြည်သူတွေနဲ့ တာဝန်ထမ်းဆောင်နေသူတွေအားလုံးအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးစည်းကမ်းများကို မတွေမတိမ်းလိုက်နာနိုင်ရန် စစ်ဆေးဂိတ်တိုင်းကို လူအဝင်အထွက်ပိတ်ပင်ထားပါတယ်။ အရှေ့ပိုင်းတိုင်းဌာနချုပ်အတွင်း ခရီးသွား လူအဝင်အထွက်ပြုလုပ်တဲ့ ဂိတ် (၉) ခုရှိကာ ဌာနချုပ်အတွင်း နေထိုင်သူတွေအနေဖြင့်လည်း ကျေးရွာများအတွင်း သွားလာရာတွင်းလည်း နှာခေါင်းစည်းများတပ်ဆင်ကြရန်၊ ကုန်စည်ပို့ဆောင်သူတွေအနေဖြင့်လည်း သတ်မှတ်နေရာနဲ့ စည်းကမ်းချက်များကို လိုက်နာကျင့်သုံးရန်နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးစည်းကမ်းများကို လိုက်နာကျင့်သုံးရန် ကြေညာထားပြီးဖြစ်ပါတယ်။ အရှေ့ပိုင်းတိုင်းဌာနချုပ်အတွင်း အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ ဇွန်လ ၁၁ ရက်နေ့အထိ အယောက် (၁၀၀) ကျော်ရှိကြောင်း စောင့်ကြည့်ရေးနေရာ တာဝန်ခံများမှ သိရပါတယ်။