အမှတ်စဉ် (၇) သတင်းမီဒီယာအခြေခံ သင်တန်းဆင်းပွဲပြုလုပ်ခဲ့

ကေအိုင်အိုအစိုးရ သတင်းနှင့်ပြန်ကြားရေးဌာနမှ ဦးဆောင်ပြီး သင်ကြားပို့ချခဲ့တဲ့ အမှတ်စဉ် (၇) သတင်းမီဒီယာအခြေခံသင်တန်းဆင်းပွဲကို မေလ ၁ ရက်နေ့ ဌာနရှိ ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

သတင်းမီဒီယာဆိုင်ရာပညာရပ်သင်ကြားပို့ချခြင်းက သတင်းနှင့်ပြန်ကြားရေးဌာနတွင်း လုပ်ငန်းဆောင်တာ ပိုမိုထိရောက်လျှင်မြန်လာစေဖို့ ရည်ရွယ်ပြီး ဝန်ထမ်းသစ်တွေတိုးများလာဖို့ သင်ကြားပေးခြင်းဖြစ်ပါတယ်။

သင်တန်းဆင်းပွဲမှာတော့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘူမှ “NID က ကေအိုင်အိုအတွက် တာဝန်ခံပေးတဲ့ သတင်းဌာနဖြစ်ခြင်းကို သိနားလည်ပြီး သတင်းနှင့်ပြန်ကြားရေးဌာနမှာ တာဝန်သိတတ်စွာ လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ ယနေ့သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

တော်လှန်ရေးကာလတွင် လုပ်ဆောင်တာဖြစ်ခြင်းကြောင့် အခက်အခဲများကို သီးခံကာ လုပ်ငန်းဆောင်တာများကို စိတ်စေတနာအပြည့်ဖြင့် ခိုင်မာမှန်ကန်တဲ့ သတင်းများကို ထုတ်လွင့်သွားနိုင်အောင် ကြိုးစားပြီး မီဒီယာကဏ္ဍန် တိုးတက်ဖို့နဲ့ လူမျိုးအတွက် အကျိုးရှိတဲ့ ဝန်ထမ်းများဖြစ်လာပါစေကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီး အင်ဖန်နော်ဘူမှ ယနေ့သင်တန်းသားများကို သင်တန်းဆင်းလက်မှတ် ချီးမြင့်ခဲ့ကာ ထူးချွန်တဲ့ သတင်းနှင့်ပြန်ကြားရေးဌာနမှ ဝန်ထမ်းများကို ချီးမြင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီအမှတ်စဉ် (၇) သတင်းမီဒီယာအခြေခံသင်တန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစတင်ပြီး သင်ကြားပေးတာဖြစ်ကာ သင်တန်းသား ၁၃ ဦး သင်ကြားခံယူပြီးစီးခဲ့ပါတယ်။

Leave a Reply

*