အမှတ်စဉ် (၇) မီဒီယာသင်တန်းဖွင့်လှစ်

ကေအိုင်အိုအစိုးရ သတင်းနှင့်ပြန်ကြားရေးဌာနကနေဦးဆောင်ပြုလုပ်တဲ့ အမှတ်စဉ် ၇ အခြေခံသတင်းပညာရပ်သင်းတန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဌာနချုပ်ရုံမှာ စတင်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအင်ဖန်းနော်ဘူကနေပြီးတော့ ကေအိုင်အိုအစိုးရ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းရဲ့ လုပ်ငန်းဆောင်တာများကို မိတ်ဆက်ပေးခဲ့ကာ သင်ကြားပေးမည့်အကြောင်းအရာများကိုလည်း ရှင်းပြခဲ့ပါတယ်။

“သတင်းနှင့်ပြန်ကြားရေးဌာနအတွင်း ထက်မြက်တဲ့သူတွေကို မွေးထုတ်ပေးနိုင်ဖို့နဲ့ သတင်းလုပ်ငန်းပိုမိုထိရောက်အောင်မြင်နိုင်ဖို့၊ တိုင်းရင်းသားများရဲ့ ဘာသာစကားများဖြင့် ထုတ်လွင့်ပေးနိုင်ဖို့ ရည်ရွယ်ပြီးသင်ကြားပေးခြင်းဖြစ်ပါတယ်” လို့သူကပြောပါတယ်။

ဒီသင်တန်းမှာတော့ နှစ် ၆၀ ပြည့် တော်လှန်ရေးနေ့တွင် ကေအိုင်အိုဥက္ကဌ ဗိုလ်ချုပ်မှူးကြီး အင်ဘန်လမှ ဂုဏ်ပြုလိုက်တဲ့ တာဝန်ထမ်းဆောင်ခြင်း နှစ် ၃၀ ပြည့်၊ နှစ် ၂၀ ပြည့်နဲ့ ၁၀ ပြည့်တဲ့ သတင်းနှင့်ပြန်ကြားရေးဌာနမှု အမှုထမ်း ၄ ဦးကို ဌာနတာဝန်ခံအနေဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကာ ဆက်လက်ပြီးတော့လည်း အမှုထမ်းကောင်းများဖြစ် ကြိုးပမ်းကြဖို့ အားလုံးကို ခွန်အားပေးပြောဆိုခဲ့ပါတယ်။

Leave a Reply

*