အမှတ်စဉ် (၆) မီဒီယာသင်တန်းဆင်းပွဲပြုလုပ်

ကေအိုင်အိုအစိုးရရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက ဖွင့်လှစ်သင်ကြားပေးတဲ့ အမှတ်စဉ် (၆) သတင်းနှင့်မီဒီယာဆိုင်ရာသင်တန်း ဆင်းပွဲကို ဇူလိုင်လ ၉ ရက်နေ့က မီဒီယာခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။ မီဒီယာသင်တန်းကို မတ်လ (၂၃) ရက်နေ့ကတည်းက စတင်သင်ကြားခဲ့ခြင်းဖြစ်ကာ ရက်ပေါင်း (၁၀၀) ကျော် ပို့ချခဲ့ပြီး ၁၄ ဦးပြီးမြောက်အောင် သင်ယူခဲ့ကြပါတယ်။ သင်တန်းမှာတော့ သတင်းရှာဖွေ စုဆောင်း ရေးသားခြင်း၊ ဓာတ်ပုံ ဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း အခြေခံသဘောတရားများကို ပို့ချခဲ့ကာ မီဒီသမားများရဲ့အဓိကကျပြီး လိုက်နာရမည့် ကျင့်ဝတ်ပိုင်းကိုလည်း သင်ကြားခဲ့ပါတယ်။

သင်တန်းဆင်းပွဲမှာတော့ လက်တွေ့လုပ်ဆောင်ခဲ့သော သတင်းရှာဖွေရေးသားချက်များကို ပြန်လည်ရှင်းလင်းခြင်းနဲ့ အခြေခံသတင်းပညာရပ် သင်ယူသူများကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ကာ သတင်းလုပ်ငန်းတွင် အကောင်းမွန်ဆုံးကြိုးစားလုပ်ဆောင်ခဲ့သူများကိုလည်း ချီးမြ့င့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်မီဒီယာတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကနေဖြင့် သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကာ သင်တန်းဆင်းပွဲကို ဘာသာရေးခေါင်းဆောင်များနဲ့ သင်တန်းသားများရဲ့ မိဘအချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

*