အမှတ်စဉ် (၁၀) သူနာပြုဒီပလိုမာနဲ့ သားဖွားသင်တန်းကျောင်း လက်ခံနေပြီ

ကေအိုင်အိုအစိုးရ ကျန်းမာရေးဌာနမှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ဆေးကျောင်းတွင် အမှတ်စဉ် (၁၀) အတွက် သူနာပြု ဒီပလိုမာနဲ့ သားဖွားသင်တန်းအတွက် ကျောင်းသားသစ်များကို လက်ခံနေပြီပဲ ဖြစ်ပါတယ်။

ဆေးကျောင်းကို ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင်လှစ်သင်ကြားပေးသွားမှာဖြစ်တာကြောင့် မေလ ၂၅ ရက် နောက်ဆုံးထားပြီး ကျောင်းအရောက် ရောက်ရှိလာကြဖို့ လိုအပ်ကြောင်း သိရပါတယ်။

“ဇွန်လ ၁ ရက်နေ့ကစပြီး ကျောင်းဖွင့်သွားမှာဖြစ်တာကြောင့် ကျောင်းသားတွေအနေဖြင့် ကျန်းမာရေးစစ်ဆေးတာတွေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံတာတွေနဲ့ အခြားသောပြင်ဆင်စရာတွေရှိတာကြောင့် ဒီလ ၂၅ ရက်နေ့ နောက်မကျပဲ ရောက်ရှိလာသူတွေကို လက်ခံသွားမှာပါ” လို့ ဆေးကျောင်းအုပ် ဆရာဝန် ဆွမ်ဒူထု ကပြောပါတယ်။

သူနာပြုဒီပလိုမာအတန်းကိုတော့ ဆယ်တန်းအောင်မြင်သူများ တက်ရောက်နိုင်ပြီး သားဖွားကိုတော့ ဆယ်တန်းအထိရောက်ရှိပြီး စိတ်ပါဝင်စားသူ အသက် ၁၈ ကနေ ၃၀ ဝန်းကျင် ကျောင်းသားများကို လက်ခံနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျောင်းသားဦးရေ (၁၀၀) ကျော် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Leave a Reply

*