အမျိုးသားပညာရေးတက္ကသိုလ်မှာ ကမ္ဘာ့ဆရာများနေ့အခမ်းအနားပြုလုပ်

ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့က အမျိုးသားပညာရေးတက္ကသိုလ် ကျောင်းသားများဦးစီးကာ တက္ကသိုလ်ခန်းမတွင် အောက်တိုဘာလ ၅ ရက်နေ့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် အားကစားယဉ်ပြိုင်ခြင်း စကားရည်လုပွဲများကို ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်က မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားနေတာကြောင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များနဲ့အညီ လုပ်ဆောင်ကာ၊ ငယ်စဉ်ကတည်းက ပညာသင်ကြားပေးခဲ့ကြတဲ့ ဆရာများကို ကျေးဇူးတင်ဂုဏ်ပြုချင်တာကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ သင်ကြားမှုများတွင် ပိုမိုသိနားလည်အောင် သင်ကြားပေးလာနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင် မိတုန်ဒွဲအောင် ကပြောပါတယ်။

ဓာတ်ပုံ – MIED

ကြိုတင်ပြင်ဆင်ထားခြင်းမဟုတ်ပဲ ဆရာများကို ကျေးဇူးတင်ဂုဏ်ပြုခြင်းကို ရုတ်တရက်လုပ်ဆောင်ခြင်းကြောင့် ဝမ်းသားရသလို ကမ္ဘာ့ဆရာများနေ့ကိုလည်း ပိုမိုသိရှိ သိမြင်လာတာနဲ့အတူ ကျောင်းသားများရဲ့ ကျေးဇူးတင်တတ်တဲ့စိတ်ဖြင့် လုပ်ဆောင်လာခြင်းအပေါ် ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆရာမ လဖိုင်နန်တွမ် ကပြောပါတယ်။

မိုင်ဂျာယန် အမျိုးသားပညာရေးတက္ကသိုလ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ (၄၉၄) ပညာသင်ကြားခံယူနေကာ ကျောင်းဆရာ ၅၃ ဦးဖြင့် ပို့ချပေးနေတာဖြစ်ပါတယ်။

Leave a Reply

*