အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၉၂၀ ဦးအနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ

၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာ နိုဝင်ဘာ ၁၅ ရက်နေ့က အပြီးသတ်ထုတ်ပြန်လိုက်ပါပြီ။


ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွတ်တော် ၃၁၅ နေရာ၊ အမျိုးသားလွတ်တော် ၁၆၁ နေရာ၊ တိုင်းနှင့်ပြည်နယ် ၆၁၂ နေရာနဲ့ တိုင်းရင်းသားရေးရာအတွက် ၂၉ နေရာ စုစုပေါင်း ၁၁၁၇ နေရာကို ပါတီအသီးသီးက ဝင်ရောက်ရွေးကောက်ခံရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ကာ ၉၂၀ ဦး ဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၅ ရွေးကောက်ပွဲထက်ပိုမိုပြီး တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါတယ်။

အစိုးရသစ်ဖွဲ့စည်းဖို့ ပါတီတစ်ခုအနေဖြင့် ပြည်ထောင်စုလွှတ်တော်နေရာ ၃၂၂ ခု လိုအပ်‌ပေမယ့် NLD ပါတီကတော့ ၃၉၆ နေရာအထိ ရရှိခဲ့ကာ ဒုတိယအများဆုံးရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ ၃၃ နေရာနဲ့ တိုင်း/ပြည်နယ်တွေမှာတော့ ၃၈ နေရာဖြင့် ယခင်ကထက်လျော့နည်းခဲ့ပါတယ်။

ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၉ ပါတီက အနိုင်ရရှိမှုတွေရှိခဲ့ကာ တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူများလည်း လေးဦးအထိ အနိုင်ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်ဒေသခံပါတီတွေကတော့ မျှော်မှန်းထားသလောက်အောင်မြင်မှုမရရှိခဲ့ကာ ကချင်ပြည်နယ်ပြည်သူ့ပါတီကတော့ ၄ နေရာ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂ နေရာနဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) က ၂ နေရာသာ အနိုင်ရရှိခဲ့ကြပါတယ်။

Leave a Reply

*